ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်သစ်တောဦးစီးဌာနမှ ၁၅-၁၁-၂၀၂၆ ရက်နေ့တွင် သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုးမြူငွေ့လျော့ချရေးနှင့်အယ်နီညိုဖြစ်စဉ်တွင်လိုက်​လျောညီထွေနေထိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

 

ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်သစ်တောဉီးဌာနမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုးမြူငွေ့လျော့ချရေးနှင့်အယ်နီ ညိုဖြစ်စဉ်တွင်လိုက်​လျောညီထွေနေထိုင်ရေးအသိပညာပေးဟောပြောပွဲကို၊(15-11-2026)ရက်နေ့တွင်​ လေး မျက်နှာမြို့နယ်၊သုံးဆက်အုပ်စု၊သခွားကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင်အသိပညာ​ပေးဟောပြောပွဲကျင်း​ ပရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖအပါအဝင်အမျိုးသား ၂၁.ဉီး၊အမျိုးသမီ ၃၇.ဉီးပါင်း၅၈-ဉီးနှင့်သစ်တောဝန်ထမ်း၃.ဉီးစုစုပေါင်း၆၁.ဉီးတက်ရောက်ပါသည်။ဟောပြောပွဲကိုဉီး​ အောင်ဝင်း၊တောအုပ်မှသစ်တောထိန်းသိမ်းရေးနှင့်သစ်တောဥပဒေအကြောင်းဟောပြောခြင်း၊ဉီးစီးအရာရှိမှသစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ မီးကာကွယ်ခြင်း၊မီးခိုးမြူငွေ့လျော့ချခြင်းများနှင့်ပတ်သက်၍လယ်စပါးရိုးဖြတ်များမီးမရှို့ရေး၊အမှိုက်များမီးရှို့ခြင်းများလျော့ချရေး၊တောမီးများရှို့ခြင်းမပြုလုပ်ရေး၊စည်းကမ်းမဲ့ဆေးလိပ်တိုများမီးများဖြင့်စည်းကမ်းမဲ့မစွန့်ပစ်ရေး၊အယ်လ်နီညိုကြောင့်ရေပြတ်လပ်မှုများရှိနိုင်သဖြင့်ရေချွေတာသုံးစွဲရေးတို့ကိုအသိပညာပေးဟောပြောခဲ့ပြီးပြည်သူများသိလိုသည်များကိုပြန်လည်ဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date