သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ IUCN တို့ ပူးပေါင်းကျင်းပသည့် Integrated Coastal Resources Management ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၆-၉-၂၀၁၈ နှင့် ၇-၉-၂၀၁၈ ရက်နေ့တို့တွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန်( သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန) မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၊ ဒီရေတောနှင့် ကမ်းရိုးတန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ တက္ကသိုလ်များမှ ဆရာဆရာမများ စုစုပေါင်း (၈၇) ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒီရေတောဆိုင်ရာ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များမှ ရှေ့ဆက်ဆောင် ရွက်မည့်လုပ်ငန်းများ၊ စီမံကိန်းများ၊ ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၇-၉-၂၀၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အကြံပေးကော်မတီအစည်းအဝေးအား Horizon Lake View Resort တွင် ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အစည်း အဝေးတွင် သက်ဆိုင်ရာနယ်ပယ်အသီးသီး မှ ကျွမ်းကျင်ပညာရှင်စုစုပေါင်း (၂၅)ဦး တက်ရောက်ပြီး ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရေး လုပ်ငန်းများ နှင့်ပက်သက်၍ ဆွေးနွေးခဲ့ကြပါသည်။