သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ရုံး၊ အင်ကြင်းခန်းမ၌ ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခါကာဘိုရာဇီ ဒေသအား ကမ္ဘာ့သဘာဝ အမွေအနှစ် အမည်စာရင်း တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ (Steering Committee) (၁/၂၀၁၇) ပထမအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ရာ ကမ္ဘာ့သဘာဝအမွေအနှစ် အမည်စာရင်း တင်သွင်းရေး ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ခါကာဘိုရာဇီဒေသကို မြန်မာနိုင်ငံ၏ ပထမဦးဆုံးကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်နေရာဖြစ်လာရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အဖွဲ့ဝင်များမှအကြံပြုဆွေးနွေးခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက် ကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာန များမှအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။