ချင်းပြည်နယ် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ၂၁-၃-၂၀၂၅ ရက်နေ့ ၀၉:၀၀ အချိန်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်အစိုးရဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားပါသည်၊ ဆက်လက်၍ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် video clip ကို ပြသခဲ့ပြီးနောက် အခမ်းအနား ပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။
Date: Monday, March 24, 2025