မော်လမြိုင်ခရိုင်သံဖြူဇရပ်မြို့နယ် သစ်တောဦးစီးဌာနမှ(၁၂.၅.၂၀၂၆)ရက်နေ့ သံဖြူဇရပ်မြို့နယ် မြမာလာကျေးရွာဗုဒ္ဓရပ်ဓမ္မာရုံတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ မြမာလာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား/သူကျား(၂၃)ဦး မ(၃၀)ဦးနှင့် သစ်တော ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၅၆)ဦး တက်ရောက်ခဲ့ကြပြီး သံဖြူဇရပ်မြို့နယ် သစ်တောဦးစီးဌာန မှူးဦးဝင်းဗိုလ်ဦး မှသစ်တောထိန်းသိမ်းကာကွယ်ရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဥ်ဖြင့်ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။
Date: Wednesday, May 13, 2026