မိုးကောင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ၁၃-၁‌၁-၂၀၂၆ ရက်နေ့တွင် အယ်လ်နီညို အကြောင်းသိကောင်းစရာများ ၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

၁၃.၁‌၁.၂၀၂၆ရက်နေ့ နံနက် (၁၀)နာရီ အချိန် ပင်းဘောကျေးရွာအုပ်စု ပဲခူးစုကျေးရွာ တွင် မိုးကောင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ မိုးကောင်းမြို့နယ်၊ဦးစီးအရာရှိ ဦးသန်းမော်မှ မီးခိုးမြူငွေ့ လျော့ချရေး အစီအစဉ်များ၊ တောမီးကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ဟောပြောဆွေးနွေး၍ တောအုပ်ကြီးဦးအောင်သန်းနိုင်မှ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အယ်လ်နီညို အကြောင်းသိကောင်းစရာများ ၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ခင်မေဝင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ‌ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်တို့မှ အယ်လ်နီညိုသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းညွှန်များဟောပြောခြင်း ၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း တို့ဆောင်ရွက်ခဲ့ကြပါသည်။အဆိုပါ ဟောပြောပွဲသို့‌ပဲခူးစုကျေးရွာတာဝန်ခံနှင့် အဖွဲ့ဝင်များ၊ကျေးရွာသူ/ကျေးရွာသားများ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်းမျာ၊ ပြန်/ဆက်ဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများ ကျား(၄၆)ဦး၊ မ(၂၀)ဦး၊စုစုပေါင်း (၆၆)ဦး တက်ရောက်ရာ ၁၂း၃၀ နာရီတွင်ပြီးဆုံးခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date