မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၁၄-၁၁-၂၀၂၆ ရက်နေ့ တွင်အယ်လ်နီညို အကြောင်းသိကောင်းစရာများ ၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အား(၁၄-၁၁-၂၀၂၆ရက်နေ့နံနက်(၉:၀၀)နာရီအချိန်တွင်မိုးညှင်းမြို့၊ဟဲလုံကျေးရွာအုပ်စု၊‌ဟဲလုံ ခေတ်မီစံပြကျေးရွာ၊သီရိရတနာခန်းမတွင်ပြုလုပ်ရာမိုးညှင်းမြို့နယ်၊သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးသန့်ဇင်ဦးမှမီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးနှင်အယ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းညွန်များအသိ‌ပညာပေးဟောပြောခြင်းနှင့်တောအုပ်ဦးတက်တိုးအောင်မှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းညွန်လက်ကမ်းစာဆောင်များဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း၊အဆိုပါဟောပြောပွဲသို့ဟဲလုံခေတ်မီစံပြကျေးရွာမှအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ကျေးရွာသူ/ကျေးရွားသားများ၊သစ်တောဝန်ထမ်းများကျား(၄၇)ဦး၊မ(၃၂,)ဦးစုစုပေါင်း(၇၉)ဦးတက်ရောက်ရာ(၁၁:၁၅)နာရီအချိန်တွင်ပြီးဆုံခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date