မြန်မာနိုင်ငံရှိ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များ၏ နိုင်ငံအဆင့် အနီရောင်စာရင်း (National Red of Threatened Species of Myanmar) ရေးဆွဲ ခြင်းနှင့် မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ စာရင်းအား ပြန်လည် ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၃-၇-၂၀၁၈) ရက်နေ့၊ နံနက်(ဝ၉:ဝဝ) နာရီ၌ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပရာ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN)မှ ပညာရှင်များ၊ နိုင်ငံအဆင့် အနီရောင်စာရင်း ပြုစုရေး မျိုးစိတ်များအလိုက် ကျွမ်းကျင်သူ လုပ်ငန်းအဖွဲ့များမှ အဖွဲ့ဝင်များနှင့် တက္ကသိုလ်အသီး သီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မြန်မာနိုင်ငံအစီ အစဉ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။