မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်"သစ်တောပြုစုထိန်းသိမ်း‌ရေး၊ စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်လိုက်လျောညီထွေနေထိုင်နိုင်ရေး၊ရေချွေတာသုံးစွဲ‌ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ"ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊  မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ " သစ်တောပြုစုထိန်းသိမ်း‌ရေး၊ စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် လိုက်လျော ညီထွေနေထိုင်နိုင်ရေး၊ရေချွေတာသုံးစွဲ‌ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ( ၁၃.၁၀.၂၀၂၆ ) ရက်နေ့ ၊ ညနေ( ၃:၀၀)နာရီအချိန်တွင် မင်းလှမြို့ အမှတ် ၁၀ ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ ကျား(၈)ဦး၊ မ(၂၈)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၃၉)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ် ဦးဝေယံမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊  သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ စူပါအယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုင်ရာများ‌ကြောင့်သောက်သုံးရေရှားပါးမှုနှင့် ရေချွေတာသုံးစွဲရေးတို့အားဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါ‌ကြောင်းသတင်းရရှိသည်။

Published Date