



(၉.၁၀.၂၀၂၆)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်၊မုဒုံမြို့နယ်၊အ-ထ-က (၁)ကျောင်းခန်းမ ၌ " "မီခိုးမြူငွေ့လျှော့ချရေး၊ ရေသယံဇာတထိန်းသိမ်းကာကွယ်ရေးနှင့် မီးဘေးအန္တရယ်ကာကွယ်ရေး"" အသိပညာပေးဟောပြောပွဲ´´အား သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာ၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ(၁၀)ဦး၊ကျောင်းသား/သူများ(၂၇၀)ဦး၊ ကျား(၁၃၆)ဦး၊မ(၁၄၄)ဦး၊ စုစုပေါင်း လူဦးရေ(၂၈၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်စီစီမိုးမှ မီးခိုးမြူငွေ့လျော့ချရေးအကြောင်းအရာများအားလည်းကောင်း၊မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးမင်းမှ ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေသုံးစွဲရေး နှင့် တောမီအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများအားလည်းကောင်း၊ မုဒုံမြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးမှ မီးဘေးအန္တရယ်ကာကွယ်ရေးနှင့် စူပါအယ်နီညိုအကြောင်း သိကောင်းစရာများအားလည်းကောင်း၊ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်နန္ဒာဦးမှ ပလပ်စတစ်လျော့ချရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ အကြောင်းများအားလည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။
Published Date