မူဆယ်ခရိုင်၊မူဆယ်မြို့နယ်မှ(၆-၁၁-၂၀၂၆)ရက်နေ့တွင်အယ်လ်နီညိုဖြစ်စဉ်ကြောင့်သက်ရောက်လာနိုင်သည့်အစွန်းရောက်ရာသီဥတုဖြစ်စဉ်နှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့နယ်မှ(၆-၁၁-၂၀၂၆)ရက်နေ့တွင်အယ်လ်နီညိုဖြစ်စဉ်ကြောင့်သက်ရောက်လာနိုင်သည့်အစွန်းရောက်ရာသီဥတုဖြစ်စဉ်နှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သစ်တောဦးစီးဌာန၊ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊

မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်မှ (၆-၁၁-၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် မူဆယ်မြို့၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်းတွင် 

 “အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ ရေချွေတာရေး၊

တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ” ကို ဦးစီးအရာရှိ ဦးဖြိုးဝေအောင်မှ ကမ္ဘာနှင့်မြန်မာတွင် ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုဖြစ်စဉ်များနှင့် အယ်လ်နီညိုကြောင့် ကဏ္ဍအစုံပေါ် သက်ရောက်မှုများအကြောင်း၊ လက်ရှိအယ်လ်နီညိုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ​ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်များ၊ ရေသယံဇာတများနှင့် ရေကို စနစ်တကျ ချွေတာသုံးစွဲရေးအကြောင်း၊ Fire Hotspots နှင့် မီးခိုးမြူငွေ့များ တာဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများအကြောင်းကို လည်းကောင်း၊ 

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သစ်တောသစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများအကြောင်း" အား တောအုပ်ကြီး ဦးစောအေးထွန်းမှ အပင်စိုက်ခြင်း၊ အပင်ပျိုးထောင်ခြင်းအကြောင်းသိကောင်းစရာများ၊ သစ်​​တောဦးစီးဌာနမှ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ" ကို မျှဝေဟောပြောခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပါကြောင်း ဟောပြောပွဲသို့ ကျား(၈၀)ဦး၊မ(၉၅)ဦး၊စုစုပေါင်း(၁၇၅)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Published Date