နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၅၈.၈၈၁၀)တန်၊ သစ်မာ(၁၁၂.၃၆၂၆) တန်၊ အခြား(၁၂၁.၀၃၄၀)တန်၊ စုစုပေါင်း(၂၉၂.၂၇၇၆)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ ယန္တရား(၃၆)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊
ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဘုတလင်မြို့နယ်၊ သပြေတောကျေးရွာ၏ အောက်ဘက်(၂)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း တရားမဝင် ကျွန်းခွဲသား(၁)ချောင်း (၀.၁၅၀၀)တန်၊ ပိတောက် ခွဲသား(၅၁)ချောင်း (၈.၉၆၇၀)တန်၊ သစ်ယာခွဲသား(၁၄)ချောင်း (၁.၀၇၄၄)တန်၊ အင်သစ်(၉)လုံး (၃.၃၆၄၀)တန်၊ အင်ခွဲသား(၁၈၀)ချောင်း (၂.၀၂၁၂)တန်၊ အင်ပကာ (၂၂၇)ချောင်း (၃.၃၂၆၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း။