နေပြည်တော်ကောင်စီနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း(၉၀.၀၆၈၆)တန်၊ သစ်မာ(၉၁.၃၄၅၀) တန်၊ အခြား(၁၈၁.၉၈၀၀)တန်၊ စုစုပေါင် း(၃၆၃.၃၉၃၆)တန်၊ တရားခံ (၅၄)ဦး၊ ယာဉ်/ယန္တရား(၅၀) စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက်အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၆-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်ဆန်းကျင်ဘိနယ်တွင် တရားမဝင်အင်ခွဲသား(၈၆၂)ချောင်း (၂၉.၀၄၅၀)တန်၊ အင်ဂျင်(၁) လုံးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပါသည်။