နိုင်ငံဝန်ထမ်းတက္ကသိုလ်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးရာထူးအဆင့် ထူးချွန်ဆုများဆွတ်ခူးရရှိ

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန််းသိမ်းရေးဌာနခွဲမှ တောအုပ်ကြီး ဒေါ်ဝေမွန်သက်သည် နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ (၄-၈-၂၀၂၅) ရက်နေ့မှ (၁၅-၁၀-၂၀၂၅) ရက်ထိ ဖွင့်လှစ်သည့် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၃၄) တွင် သင်တန်းသူစံပြဆုနှင့် စာပေထူးချွန်ဆုများ ရရှိခဲ့ကြောင်း သိရသည်။