


ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ "လူနှင့်ဆင် ပဋိပက္ခလျှော့ချရေး၊ တောဆင်ရိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ " အခမ်းအနားကို (၉-၁၀-၂၀၂၆ )ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံရပ်မိရပ်ဖနှင့် ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/သူ (၁၈၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ စုစုပေါင်း (၁၉၂)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တောအုပ်ကြီး ဦးလွင်မိုးအောင်မှ လူနှင့်ဆင် ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းနှင့် အကျိုးဆက်များ၊ ပဋိပက္ခ လျော့ပါးရေးအတွက် ရေတိုဖြေရှင်းနည်းများ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ရေရှည်ဖြေရှင်းနည်းများ၊ လူနှင့် ဆင် ပဋိပက္ခဖြေရှင်းရေး ၊ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ရေး အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။