“မိုမို -- ရေ”လို့ခေါ်လိုက်ရင် ပြန်ပြီး ထူးတတ်တဲ့ ဆင်မကြီးမိုမိုဟာ အသက် ၇၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့အချစ်တော်ဆင်မကြီး"မိုမို"၏ အသက် (၇၁) နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားအား(၃.၁၁.၂၀၂၄) ရက်၊တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် )၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆင်မကြီး"မိုမို"၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နံနက်(၀၆း၀၀) နာရီချိန်တွင် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းပေးခြင်း၊ မွန်းလွဲ (၁၁း၀၀) နာရီချိန် ဧည့်ပရိတ်သတ်ပြည်သူများနှင့်အတူ သစ်သီးကိတ်ခွဲဆုတောင်းပေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
Date: Tuesday, January 21, 2025