ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ(၄-၁၁-၂၀၂၆)ရက်နေ့တွင်"ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ“အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၄-၁၁-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၊မိုး‌တေ ကျေးရွာအုပ်စု၊ မိုးတေကျေးရွာ၊ ကိုးတောင် ကျောင်းတိုက်၊ ဓမ္မာရုံတွင် "ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ“အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့နယ် ၊သစ်တောဦးစီးဌာန ၊တောအုပ် ဦးဆက်ဝေမြတ် မှဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့်ဟောပြောပွဲသို့ ကျား(၃၂)ဦး၊မ(၆၄)ဦး၊စုစုပေါင်း(၉၆)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date