ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊တန့်ယန်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ရေချွေတာရေး၊ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၀-၁၀-၂၀၂၆)ရက်နေ့ (၁၃:၀၀)နာရီအချိန်၌ အမှတ်(၁၀) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၊ တန့်ယန်းမြို့မှာ “အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ ရေချွေတာရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင် က “အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်နှင့် လိုက်လျော ညီထွေစွာနေထိုင်နိုင်ရေး၊ တောမီးကာကွယ်ရေးဆိုင်ရာ” သိကောင်းစရာများ၊ တန့်ယန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းက “ရေချွေတာရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ” သိကောင်းစရာများ၊ တန့်ယန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်က “မီးခိုးမြူငွေ့ လျော့ချရေး၊ မီးဘေးအန္တရာယ်သိကောင်းစရာများ” ဟောပြောပို့ချခဲ့ပါကြောင်းနှင့် တက်ရောက် လာသူ ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ ကျား(၇၀)ဦး၊ မ(၁၃၀)ဦး စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။


