သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်၊ သစ်တောထွက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ လွယ်ကူမြန်ဆန်စွာဖြင့် အရေးယူဆောင်ရွက်နိုင်ရန် Software to Archive Seizure Data (S.A.S.D) စနစ်ဖြင့် ပြောင်းလဲသုံးစွဲနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် (S.A.S.D) အသုံးပြုနည်းဆင့်ပွားသင်တန်းအား ရှမ်းပြည်နယ်သစ်တောဦးစီးဌာန၌ (၁၇-၁-၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီသစ်တောဦးစီးဌာန၌ (၁၉-၁-၂၀၂၅) ရက်နေ့တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ပို့ချခဲ့ပြီး တက်ရောက်လာကြသည့် သစ်တောဝန်ထမ်းများမှ အဆိုပါsoftware၌ ရေးသွင်းရမည့်အချက်များ၊ ကွဲလွဲချက်များ၊ လိုအပ်ချက်များနှင့် အဆင့်ဆင့်ဖြည့်သွင်းရမည့်အချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Date: Thursday, January 23, 2025