ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်လွိုင်ရပ်ကွက်၊ကျောင်းကြီးကျောင်းဘုန်းတော်ကြီး‌ကျောင်းတွင် (၁၀-၁၁-၂၀၂၆) ရက်နေ့တွင် လင်းခေးမြို့နယ်အဆင့်"အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောပွဲ"အားကျင်းပ

သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်လွိုင်ရပ်ကွက်၊ကျောင်းကြီးကျောင်းဘုန်းတော်ကြီး‌ကျောင်းတွင် (၁၀-၁၁-၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လင်းခေးမြို့နယ်အဆင့်"အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ"အား လင်းခေးအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ‌ရပ်ကျေးအုပ်ချုပ်‌ေရးမှူးများ ဒေသခံပြည်သူများ၊အရပ်ဖက်အဖွဲ့အစည်းများတက်ရောက်ခဲ့ပါသည်။အဆိုပါ မြို့နယ်အဆင့် "အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောပွဲတွင်"လင်း‌ခေးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ             ဦးကျော်မျိုးနိုင်မှ  ရာသီဥတုပြောင်းလဲမှုနှင့်အယ်လ်နီညို အကြောင်းအရာများ၊အယ်လ်နီညိုကြောင့်ထိခိုက်နိုင်မှုအခြေအနေများ၊ လက်ရှိအယ်လ်နီညိုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ​ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်များ၊ ရေသယံဇာတများနှင့် ရေကို စနစ်တကျ ချွေတာသုံးစွဲရေးအကြောင်း၊ Fire Hotspots နှင့် မီးခိုးမြူငွေ့များ တာဆီးကာကွယ်ရေး၊ကျန်းမာရေးအပေါ်သက် ရောက်မှုများအကြောင်းနှင့်သစ်‌တောဦးစီးဌာနမှ‌ဆောင် ရွက်‌နေသော အယ်လ်နီညိုကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးလုပ်ငန်းများကို ကို လည်းကောင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးလက်ကမ်းစာစောင် (၁၀၀)စောင်အားဖြန့်ဝေပေးအပ်ခဲ့ပါသည်။ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၃၀)ဦး ကျား(၇၅)ဦး၊မ(၉၅)ဦး၊စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

 

Published Date