ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ(မြို့နယ်အဆင့်)ဟောပြောပွဲကျင်းပ

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနမှ (၁.၁၁.၂၀၂၆)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဥယျာဥ်ရပ်ကွက်၊ဥယျာဥ်ဘုန်းတော်ကြီးကျောင်း၊မိုးနဲမြို့မှာ “အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ ရေချွေတာရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းသူရ မှ

"သစ်ပင်များသည် ကမ္ဘာမြေ၏ အဆုတ်"များဖြစ်သည်။ သစ်ပင်ကို ချစ်ပါ၊ သစ်တောကို ထိန်းသိမ်းပါ၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပါ။ သစ်ပင်များကို မခုတ်လှဲဘဲ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အနာဂတ်မျိုးဆက်များအတွက် စိမ်းလန်းသာယာသော ကမ္ဘာမြေကြီးကို လက်ဆင့်ကမ်းပေးကြပါစို့ ဖြင့်လည်းကောင်း၊ " ရေသည် အသက်၊ရေသည်အနာဂတ်"ဖြစ်သည်။ထို့ကြောင့် “ရေကိုချွေတာပါ၊ ရေသယံဇာတကို ထိန်းသိမ်းပါ” ဖြင့် လည်းကောင်း၊

"တောမီးကာကွယ်ခြင်း"သည် သစ်တောများကို ကာကွယ်ခြင်းသာမက လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အနာဂတ်မျိုးဆက်များ၏ ဘဝကိုပါ ကာကွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် “တောမီးမရှို့ရ၊ သစ်တောကို ချစ်မြတ်နိုး ကာကွယ်ကြ”ဖြင့် လည်းကောင်း

"သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရန်"ယနေ့မှစ၍ မီးခိုးမြူငွေ့လျော့ချရေးကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့

ဟူသော အသိစိတ်ဖြင့် လူတိုင်း ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့်ဟောပြောပွဲသို့ ကျား(၉၀)ဦး၊မ(၁၃၀)ဦး၊စုစုပေါင်း(၂၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Published Date