(၂၃.၅.၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ရေသပြေဘိနယ်၊ တိလုံကျေးရွာအုပ်စု၊ စမ်းစုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် အသိပညာပေးခြင်း ဟောပြောပွဲ´´ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ စမ်းစုတ်ကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၃၇)ဦး မ(၄၃) ဦးနှင့် ဟိုပုံးမြို့နယ် သစ်တော ဝန်ထမ်းကျား (၅)ဦး၊ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။
Date: Sunday, May 24, 2026