သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် National Museum of Nature and Science (NMNS) Japan တို့မှ ဦးဆောင်၍Flora of Myanmar စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ပထမအကြိမ် အစည်း အဝေးကို (၄-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက် အမှာစကားပြောကြားပါသည်။အဆိုပါအစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောအရာရှိကြီးများ၊ သစ်တောသုတေသနဌာနမှပညာရှင်များ၊ သစ်တောဦးစီးဌာန နှင့် MoU လက်မှတ်ရေးထိုး၍ ရုက္ခဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော (NMNS ၊ MBK ၊ XTBG ၊ NYBG ၊ KIB)မှ ပညာရှင်များ၊ ရန်ကုန်၊ ထားဝယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မန္တလေး တက္ကသိုလ်တို့မှ ရုက္ခဗေဒ ဆိုင်ရာ ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်များမှ ရုက္ခဗေဒပညာရှင်များ၊ NGO အဖွဲ့များဖြစ်သည့် BANCA ၊ WCS ၊ FREDA မှပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။