(၂၅.၈.၂၀၁၇)ရက်နေ့ နံနက်(ဝ၉း၃၀) နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား မဲခေါင်ဒေသတွင်း မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ(Mekong Region Land Governance)ဆိုင်ရာစီမံကိန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင် Mr.Michael Winter ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းအဆင့်(၁)၏ ရလဒ်များနှင့် အောင်မြင်မှုများကို သုံးသပ်မည့်အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအဆင့်(၂)အတွက် စီမံကိန်းပုံစံ ဆောင်ရွက်မည့်အကြောင်းအရာများဖော်ထုတ်သွားမည့် အစီအစဉ်တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်….