သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ဂျပန်နိုင်ငံ၊ The Kochi Prefectural Makino Botanical Garden (MBK)မှ ညွှန်ကြားရေးမှူးချုပ် Dr.Akihito Takano နှင့် Research Botanist Kazumi Fujikawa တို့အား(၇-၁-၂၀၂၆)ရက်၊ နံနက် (၉:၀၀)နာရီ အချိန်တွင် ဦီးစီးရုံးချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် သစ်တောသုတေသနဌာနခွဲရှိ ပန်းပုံစံပြတိုက် အဆင့်မြှင့်တင်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းများ လွှဲပြောင်းပေးအပ်ရာတွင် သဘောတူ စာချုပ် (Material Transfer Agreement) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းခြင်း၊ သဘောတူစာချုပ် သက်တမ်းတိုးနှင့် အသစ်ချုပ်ဆိုမည့်ကိစ္စများ၊ ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်မြှင့်တင်၍ ဆက်လက် ဆောင်ရွက်ရန်ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ တွေ့ဆုံပွဲသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ၊ ဦးစီးရုံးချုပ်၊ သစ်တောသုတေသနဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြောင်းသတင်းရရှိသည်။
Date: Wednesday, January 7, 2026