သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

Published Date
Image
(၂၈-၉-၂၀၂၆)ရက်၊ တနင်္လာနေ့(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများပြန်လည်မျှဝေခြင်း ဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း(၁၀၇)ဦး တက်ရောက်ပြီး ပြည်နယ်/ တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၄)ဦး online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာမူမူအောင်(ဒုတိယညွှန်ကြားရေးမှူး၊ သစ်တော သုတေသနဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ‌ဒေါ်ခင်ငြိမ်းစံ(ဦးစီးအရာရှိ၊ သဘာဝဝန်းကျင် နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အုပ်ချူပ်ခွင့်ရ ဒေသ၌ကျင်းပသော ရေဝပ်ဒေသစီမံအုပ်ချုပ်မှုနှင့် ရွှေ့ပြောင်းရေပျော်ငှက်များ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား လည်းကောင်း၊ ဦးနေအောင် (ဦးစီးအရာရှိ၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ)မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပသော အာဆီယံဒေသအတွင်း သဘာဝအခြေခံဖြေရှင်းခြင်း နည်းလမ်းများအား စောင့်ကြည့်သတင်းပို့ အတည်ပြုခြင်းဆိုင်ရာ ဒေသအဆင့် ကျွမ်းကျင်သူများ အစည်းအဝေးအားလည်းကောင်း၊ ‌ဒေါ်ရွှေရည်သန့်တင်ကျော်မိုး(တောအုပ်ကြီး၊ စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲ)မှ ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့၌ကျင်းပသော NTFP-EP Asia ၏ စီမံကိန်းလုပ်ငန်းပြီးစီးကြောင်းနှင့် Bees and Trees စာအုပ်ထုတ်ဝေခြင်းအစီအစဉ်အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရှိရသည်။