သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၁၃-၁၀-၂၀၂၆)ရက်၊ တနင်္လာနေ့(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများပြန်လည်မျှဝေခြင်း ဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယ ညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း(၁၀၂)ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီးနှင့် ဦးစီးအရာရှိ (၂၂)ဦး online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာ သိန်းဆောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ)က သဘာပတိအဖြစ်ဆောင် ရွက်ပြီး ‌ဒေါက်တာအင်ကြင်းခိုင်(ဒုတိယညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေး ဌာနခွဲ)မှ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်မြို့၌ကျင်းပသော အာရှဒေသ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ (၁၄) ကြိမ်မြောက်ညီလာခံနှင့် ၂၀၂၆ ခုနှစ်၊ နှစ်ပတ်လည်ဆွေးနွေးပွဲအား လည်းကောင်း၊ ဦးကောင်းမြတ်ထွေး (တောအုပ်ကြီး၊ သစ်တောသုတေသနဌာနခွဲ)မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စစ်ဆောင်ပနားမြို့၌ကျင်းပသော(၆၂)ကြိမ်မြောက် အပူပိုင်းဒေသဇီဝဗေဒဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်း၏ နှစ်ပတ်လည်အစည်းအဝေး(ATBC 2026)အကြို အလုပ်ရုံ ဆွေးနွေးပွဲအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ်  ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရှိရသည်။

Published Date