သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနခွဲတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ရာထူး(၄)နေရာ အတွက် လျှောက်လွှာများခေါ်ရယူခြင်း
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနခွဲတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ရာထူး(၄)နေရာ အတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) သိပ္ပံဘွဲ့ (ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘူမိဗေဒ၊ ဓာတုဗေဒ) တစ်ခုခုရရှိသူဖြစ်ရမည်၊ (ဘွဲ့ လက်မှတ်မူရင်း တင်ပြရမည်)
(ဂ) ၃၀-၁၁-၂၀၂၆ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူ (ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီး ပုံစံ-၁၂ လက်မှတ်မူရင်း တင်ပြနိုင်သူဖြစ်ပါက အသက် (၃၈)နှစ်ထက်မကြီးသူ) ဖြစ်ရမည်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီး အမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
(ဃ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ် ခြင်း (Removal)၊ အမည်မည်းစာရင်း(Black List) စာရင်းရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေးတာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်၊
(စ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြနိုင် သူဖြစ်ရမည်၊
(ဆ) သစ်တောဦးစီးဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူအောက်ပါ အထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.comသို့Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၁၁-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါမူရင်း တင်ပြနိုင်ရမည်)၊
(ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ် မြေရဲစခန်းမှထောက်ခံထားသည့်ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
(ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်မူရင်း။
၄။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ ၏ စာမေးပွဲခုံနံပါတ်နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တော ဦးစီးဌာန၏ Website-www.forestdepartment.gov.mmတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများအား သစ်တောဦးစီးဌာန၏ Website - www.forestdepartment.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုံစမ်းမေးမြန်းလိုပါကသစ်တောဦးစီးဌာန၊တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို https://tinyurl.com/n96yaxc8 တွင် download ရယူနိုင်ပါသည်။