၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီးရာထူး(၅၅)နေရာ နှင့် သုတေသနလက်ထောက်-၂ ရာထူး(၁)နေရာတို့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုပါက သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ administrationfd@forest.gov.mm/ forestadmdev@gmail.comသို့ Online စနစ်ဖြင့်ဖြစ်စေ ၁၄-၁၂-၂၀၂၆ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) တောအုပ်ကြီးရာထူးနေရာများတွင် လျှောက်ထားသူများသည် သိပ္ပံ(သစ်တော)ဘွဲ့ရရှိ ပြီးသူဖြစ်ရမည်၊
(ဂ) သုတေသနလက်ထောက်-၂ ရာထူးနေရာများတွင် လျှောက်ထားသူများသည် မဟာသိပ္ပံဘွဲ့ (ရုက္ခဗေဒ၊ ဘူမိဗေဒ၊ သတ္တဗေဒ၊ ဓာတုဗေဒ) ရရှိပြီးသူဖြစ်ရမည်၊ ( ဌာနတွင်း ဝန်ထမ်းဖြစ်ပါက သိပ္ပံဘွဲ့ တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည် )
(ဃ) ၃၀-၁၁-၂၀၂၆ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူဖြစ်ရမည်၊ (နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက် (၃၇)နှစ် ထက်မကြီးသူ ဖြစ်ရမည်၊ သက်ဆိုင်ရာ ဌာနအကြီးအမှူး ၏ ခွင့်ပြုချက် တင်ပြရမည်၊)
(င) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ် ခြင်း (Removal)ခံရသူများ လျှောက်ထားခွင့် မရှိပါ၊
(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေး တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်၊
(ဆ) ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြနိုင် သူဖြစ်ရမည်၊
(ဇ) သစ်တောဦးစီးဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ ရာထူးအလိုက် အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများအား သစ်တောဦးစီး ဌာန၏ Website - www.forestdepartment.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုံစမ်း မေးမြန်းလိုပါကသစ်တောဦးစီးဌာန၊တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
သစ်တောဦးစီးဌာန