သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်း စာရေး ရာထူး(၉)နေရာ နှင့် စာရင်းကိုင်(၄) ရာထူး(၁၁)နေရာ တို့အတွက် လျှောက်လွှာများခေါ်ရယူခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်း စာရေး ရာထူး(၉)နေရာ နှင့် စာရင်းကိုင်(၄) ရာထူး(၁၁)နေရာ တို့အတွက် လျှောက်လွှာများ တင်သွင်း နိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) ၃၀-၁၁-၂၀၂၆ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူ (ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီး ပုံစံ-၁၂ လက်မှတ်မူရင်းတင်ပြနိုင်သူဖြစ်ပါက အသက်(၃၈) နှစ်ထက်မကြီးသူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက်မကြီးသူ) ဖြစ်ရမည်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊
(ဂ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ် ခြင်း (Removal)၊ အမည်မည်းစာရင်း(Black List) စာရင်းရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ၊
(ဃ) Grade - 12 အောင်မြင်ပြီးသူ/ အခြေခံအထက်တန်းအောင်မြင်သူ ဖြစ်ရမည်၊ (အောင် မြင်ကြောင်း ထောက်ခံချက်တင်ပြရမည်)
(င) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်အောင်မြင်သူဖြစ်ရမည်၊
(အောင်လက်မှတ်မူရင်းတင်ပြရမည်)
(စ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဆ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြနိုင် သူဖြစ်ရမည်၊
(ဇ) သစ်တောဦးစီးဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူအောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.comသို့ Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၁၁-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်နှင့် ကွန်ပျူတာသင်တန်းအောင် လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ မူရင်းများ တင်ပြနိုင်ရမည်)၊
(ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်မူရင်း။
၄။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ ၏ စာမေးပွဲခုံနံပါတ်၊ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန Website-www.forestdepartment.gov.mmတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှရောက်ရှိလာသောလျှောက်လွှာများကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများအား သစ်တောဦးစီးဌာန၏ Website - www.forestdepartment.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာ ပုံစံများကို https://tinyurl.com/n96yaxc8 တွင် download ရယူနိုင်ပါသည်။
သစ်တောဦးစီးဌာန