သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၄)နေရာအတွက် လျှောက်လွှာများ ခေါ်ရယူခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၄)နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) ၃၀-၁၁-၂၀၂၆ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ (ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီး ပုံစံ-၁၂ လက်မှတ်မူရင်း တင်ပြနိုင်သူဖြစ်ပါက အသက် (၃၃) နှစ်ထက်မကြီးသူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ) အမျိုးသား ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြ ရမည်၊
(ဂ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှထုတ်ပယ် ခြင်း (Removal)၊ အမည်မည်းစာရင်း (Black List) ရေးသွင်းခြင်းခံရသူများ လျှောက် ထားခွင့်မရှိပါ၊
(ဃ) အခြေခံပညာအထက်တန်းအဆင့်ရှိသူ (အောင်လက်မှတ်မူရင်းတင်ပြနိုင်သူ) ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်သူ (မိုင် ၂၀ လမ်းလျှောက်ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်သူ) ဖြစ်ရမည်၊
(စ) ပြစ်မှု/ပြစ်ဒဏ် ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်ပေးအပ်နိုင်သူ ဖြစ်ရမည်၊
(ဆ) သစ်တောဦးစီးဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍)ပူးတွဲလျက် forestadmdev@gmail.comသို့Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၁၁-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
(ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
(ဂ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေး သည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်မူရင်း။
၄။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ ၏ စာမေးပွဲခုံနံပါတ်၊ မိုင်(၂၀)လမ်းလျှောက်ခြင်းအား သတ်မှတ်ချိန်အတွင်းပန်းဝင်အောင် လမ်း လျှောက်နိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာတို့ ကို သစ်တောဦးစီးဌာန၏ Website-www.forestdepartment.gov.mmတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှရောက်ရှိလာသောလျှောက်လွှာများကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများအား သစ်တောဦးစီးဌာန၏ Website - www.forestdepartment.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာ ပုံစံများကို https://tinyurl.com/n96yaxc8 တွင် download ရယူနိုင်ပါသည်။
သစ်တောဦးစီးဌာန