သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော တောခေါင်း(ဥယျာဉ်) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး(၅)နေရာအတွက် လျှောက်လွှာများခေါ်ယူခြင်း 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော တောခေါင်း(ဥယျာဉ်) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး(၅)နေရာအတွက် လျှောက်လွှာများခေါ်ရယူခြင်း

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော တောခေါင်း(ဥယျာဉ်)(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး(၅)နေရာအတွက် လျှောက်လွှာများ တင်သွင်း နိုင်ပါသည်။

၂။       လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊ 

(ခ)    ၃၀-၁၁-၂၀၂၆  ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ (ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီး ပုံစံ-၁၂ လက်မှတ်မူရင်း တင်ပြနိုင်သူဖြစ်ပါက အသက် (၃၃)နှစ်ထက်မကြီးသူ ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ) အမျိုးသားများ လျှောက်ထားနိုင်ပါသည်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာန အကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊ 

(ဂ)  အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ် ခြင်း (Removal)၊ အမည်မည်းစာရင်း(Black List) ရေးသွင်းခြင်းခံရသူများ လျှောက် ထားခွင့် မရှိပါ၊

(ဃ) အခြေခံပညာအထက်တန်းအောင်မြင်သူ(အောင်လက်မှတ်မူရင်းတင်ပြနိုင်သူ) ဖြစ်ရမည်၊

(င)    ကျန်းမာရေးကောင်းမွန်သူ (မိုင် ၂၀ လမ်းလျှောက်ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်း ဝင်နိုင်သူ) ဖြစ်ရမည်၊

(စ)    ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်ပေးအပ်သူဖြစ် ရမည်၊

(ဆ)    သစ်တောဦးစီးဌာနတွင် အနည်းဆုံး(3)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။       လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူအောက်ပါ အထောက်အထားများ (pdf  format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.comသို့Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၁၁-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-

(က)    တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)၊

(ခ)    လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ် မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊

(ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊

(ဃ)    နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်မူရင်း။

၄။        ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ ၏ စာမေးပွဲခုံနံပါတ်၊ မိုင်(၂၀)လမ်းလျှောက်ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်းဝင်အောင် လမ်း လျှောက်နိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာ တို့ကို သစ်တောဦးစီးဌာန၏ Website-www.forestdepartment.gov.mmတွင် ကြေညာပေးသွား မည်ဖြစ်ပါသည်။

၅။       စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၆။       အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများအား သစ်တောဦးစီးဌာန၏ Website - www.forestdepartment.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာ ပုံစံများကို https://tinyurl.com/4v237yhx တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

Published Date