တောင်ကြီးခရိုင်၊ရပ်စောက်မြို့နယ်တွင်“ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်ရာသီဥတုပြောင်းလဲမှုများအပေါ်လိုက်လျောညီထွေသွားလာနေထိုင်ရေးနှင့် ရေသယံဇာတများနှင့်တောမီးအန္တရာယ်များထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာအကြောင်းအရာများ"အားဟောပြောပွဲကျင်းပ

တောင်ကြီးခရိုင်၊ရပ်စောက်မြို့နယ်တွင်“ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်ရာသီဥတုပြောင်းလဲမှုများအပေါ်လိုက်လျောညီထွေသွားလာနေထိုင်ရေးနှင့် ရေသယံဇာတများနှင့်တောမီးအန္တရာယ်များထိန်းသိမ်းကာကွသစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မှ (၅-၁၁-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် 

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်ရာသီဥတုပြောင်းလဲမှုများအပေါ် လိုက်လျောညီထွေသွားလာနေထိုင်ရေးနှင့် ရေသယံဇာတများနှင့်တောမီးအန္တရာယ်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများ"အားတောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်ဇော်မင်း မှလည်းကောင်း၊ "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သစ်တောသစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ" အား ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင် မှ လည်းကောင်း၊ "သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းအပေါ် ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးခြင်း" အား ရပ်စောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ မှလည်းကောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲသို့ ကျား(၇၀)ဦး၊မ(၃၁)ဦး၊စုစုပေါင်း(၁၀၁)ဦးတက်ရောက်ခဲ့ပါကြောင်းယ်ခြင်းဆိုင်ရာအကြောင်းအရာများ"အားဟောပြောပွဲကျင်းပကြောင်းသတင်းရရှိသည်။

Published Date