တနင်္သာရီတိုင်း​ဒေသကြီး၊သစ်​တောဦးစီးဌာန၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊သစ်​တောဦးစီဌာနမှ (၁၃.၁၁.၂၀၂၆) ရက်​နေ့တွင် သစ်တောထိန်းသိမ်း​ရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊သစ်​တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၃.၁၁.၂၀၂၆) ရက်​နေ့ နံနက်(၀၉း၃၀)နာရီအချိန်၌ အ.ထ.က(၅)၊ မြိတ်မြို့တွင်ကျင်းပ​ဆောင်ရွက်ခဲ့ရာ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ သစ်တောထိန်းသိမ်း​ရေးဆိုင်ရာအ​ကြောင်းအရာများ၊ တောအုပ်ကြီး ဦးဖုန်းမြင့်မှ တောမီးကာကွယ်ရေး အကြောင်းအရာများနှင့် တောအုပ်ကြီး ဦးခင်မောင်ဆန်းမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် သစ်တောဝန်ထမ်းများ၊ဆရာ/ဆရာမများ၊ ကျောင်းသား/​ကျောင်းသူများ  ကျား(၈၄)ဦး၊မ(၉၁)ဦး၊ စုစု​ပေါင်း(၁၇၅)ဦးတက်​ရောက်ခဲ့ပါသည်။ ဆက်လက်၍‌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာလက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိသည်။

 

Image removed.Image removed.Image removed.Image removed.
Published Date