တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာနမှ(၁၇.၁၁.၂၀၂၆)ရက်​နေ့တွင်ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ " ဒီရေ​​တောထိန်းသိမ်း​ရေးနှင့်​ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်​တောလုပ်ငန်း ဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော ပွဲအခမ်းအနားကို(၁၇.၁၁.၂၀၂၆)ရက်​နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင်ကတ္တလူ ​ကျေးရွာအုပ်စု၊ ကတ္တလူ​ကျေးရွာအ​ခြေခံပညာအထက်တန်း​​ကျောင်း ခန်းမ၌ကျင်းပ​ဆောင် ရွက်ရာ ကျွန်းစုမြို့နယ်မှ မီးသတ်၊သဘာဝ​ဘေးစီမံ၊လူမှုဝန်ထမ်း၊ပြန်/ဆက်၊အား/ကာတို့မှမြို့နယ်ဦးစီးဌာနမှူးများ၊ အ.ထ.က (ကတ္တလူ)မှဆရာ/ဆရာမနှင့်  ကျောင်းသား/သူ ကျား(၆၃)ဦး    ၊ မ(၁၂၃)ဦး ၊ စုစုပေါင်း(၁၈၆)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကျွန်စုမြို့နယ် ၊  သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး၊ ဦးခင်စိုး မှ ဒီရတေောအဓိပ္ပါယ်၊ ဒီရေတောများ ပျံ့နှံ့စွာပေါက်ရောက်မှုအခြေအနေ၊ ဒီရေတောများမှကမ်းရိုးတန်းနေပြည်သူများနှင့်ဂေဟစနစ်အပေါ် အကျိုး ဖြစ်ထွန်းစေမှု၊ ဒီရေတောများထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ICM အစီအစဥ်အရဆောင်ရွက်သည့်လုပ်ငန်းများ၊ တနင်္သါရီတိုင်းဒေသကြီးအတွင်း ဒီ​ရေ​တောများ​ပေါက်​ရောက်မှုအ​ခြေအ​နေနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဓိပ္ပါယ်၊​လျောက်ထားလိုပါက ခွင့်     ပြုရန်သတ်မှတ်ချက်များ၊စည်းကမ်းချက်များ၊တည် ထောင်ပါက အကျိုးကျေးဇူးများစသည့်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီး၊ တက်​ရောက်လာကြသည့်ဌာနဆိုင်ရာအကြီးအကဲများမှလည်း သက်ဆိုရာဌာန၏ပတ်သက်၍အသိပညာ​ပေး​ဟော​ပြောခြင်း​ဆောင်ရွက်ခဲ့ပြီး၊တက်​ရောက်လာသူများအားအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်​တော​ကြေးမုံစာ​စောင်များ အား​ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း

Published Date