တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊  ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ​ မီးခိုးမြူငွေ့လျှော့ချရေး၊ အယ်နီညိုအစွန်းရောက်ရာသီဥတုနှင့်သက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

*****************************************************

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ

 သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ   မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၈-၁၁-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၄:၃၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊​  ​မ​သေကျေးရွာအုပ်စု၊ပိုကောင်းဆီအုန်းကုမ္ပဏီ၊အလယ်တန်းကျောင်း တွင် ကျင်းပဆောင်ရွက်ခဲ့ရာ  ​​ ဘုတ်​ ပြ င်းမြို့နယ်၊ မသေကျေးရွာအုပ်စု၊ပိုကောင်းဆီအုန်းကုမ္ပဏီ ၊အလယ်တန်းကျောင်းအုပ်ကြီးဉီးအောင်ထွန်းလေးနှင့်၊ဆရာ( ၁)ဉီး၊ဆရာမများ (၉)၊ဉီး၊ကျောင်းသား(၁၁၄)ဉီး/အမျိုးသမီး( ၁၄၀)ဉီး ၊ စုစုပေါင်း(၂၆၄)  ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၃)ဉီး၊စုစုပေါင်း (၂၆၇)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်  ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ​မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့အယ်နီညိုအစွန်းရောက်ရာသီဉတုနှင့်သက်ဆိုင်ရာဌာနအကြောင်းအရာအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအားအယ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းညွှန်လက်ကမ်းစာစောင်၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ ကြောင့်သဘာဝ​ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊video clip များပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း

Published Date