



*****************************************************
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကော့သောင်းခရိုင်မှ သစ်တောထိန်းသိမ်းရေး၊
တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၁-၁၁-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၄:၁၀)နာရီ၌ ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊အ.ထ.က(၁)စာသင်ကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်သူကျောင်းသားနှင့်ဆရာမများနှင့် သစ်တောဦးစီးဌာနဝန်ထမ်း(၄)ဦး၊အမျိုးသား (၃၉)ဦး၊ အမျိုးသမီး (၆၉)ဦး၊စုစုပေါင်း(၁၀၈)ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကော့သောင်းခရိုင်၊ သစ်တောဦးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးမှ သစ်တောထိန်းသိမ်းရေး၊တောမီး ကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း