တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ကျွန်းစုမြို့နယ်မှ(၁၀-၁၁-၂၀၂၆)ရက်နေ့တွင်အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောပွဲ၊သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် ​မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ​မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့ နယ်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ   မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၀-၁၁-၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၁၀)နာရီ၌ ကျွန်းစုမြို့နယ်၊  ​ကမ်းကြီးကျေးရွာအုပ်စု၊ကဘင်း​ချောင်းကျေးရွာ ၊ကဘင်း​ချောင်းအ.ထ.က(ခွဲ)စာသင်​ကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ၊​ကမ်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦး​အေးသိန်း၊ကဘင်း​ချောင်းကျေးရွာတာဝန်ခံဦးချစ်လှ၊ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊​လူမှုဝန်ထမ်းဦစီးဌာန၊မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးများ၊​ကျောင်သူ​ကျောင်းသားနှင့်ဆရာမများဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနဝန်ထမ်း(၃)ဦး၊အမျိုးသား (၆၅)ဦး၊ အမျိုးသမီး (၁၀၅)ဦး၊စုစုပေါင်း(၁၇၀)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကျွန်းစုမြို့နယ်သစ်​တောဦးဌာန၊​တောအုပ်ဦး​ဇော်ကိုလတ်မှ သစ်တောထိန်းသိမ်းရေး၊တောမီး ကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာ​ပေး​​ဟော​ပြောခြင်း၊ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးမှ အပူဒဏ်ကာကွယ်​ရေးအသိပညာ​ပေး​ဟော​ပြောခြင်း၊​လူမှုဝန်ထမ်းဦးစီးဌာနမြို့နယ်ဦးစီးမှူးမှ ခ​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ   ဥပ​ဒေ အ​ကြောင်းသိ​ကောင်းစရာ​ဟော​ပြောခြင်း၊မီးသတ်ဦးစီးဌာန၊မြို့   နယ်ဦးစီးမှူးမှမီး​ဘေးအန္တရာယ်ကာကွယ်ကွယ်​ရေးအသိပညာ​ပေးခြင်းအကြောင်း အရာများကိုတက်ရောက်လာသူများသို့အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား အယ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်​ရေးလမ်းညွန်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊​ကျောင်းစာကြည့်တိုက်သို့သစ်​တော​ကြေးမုံများ​ပေးအပ်လှူဒါန်းခြင်း၊မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

 

Published Date