တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ
*****************************************************
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့ နယ်မှ သစ်တောထိန်းသိမ်းရေး၊
တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၄-၁၁-၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ဝါးချောင်းကျေးရွာ ၊ကျေးရွာဓမ္မာရုံ ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ၊ရေမြစ်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသက်ဝေထွန်း၊ဝါးချောင်းကျေးရွာတာဝန်ခံဦးမြဝင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးများ၊ကျောင်သူကျောင်းသားနှင့်ဆရာမများဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနဝန်ထမ်း(၄)ဦး၊အမျိုးသား (၁၀၁)ဦး၊ အမျိုးသမီး (၁၂၃)ဦး၊စုစုပေါင်း(၂၂၄)ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကျွန်းစုမြို့နယ်သစ်တောဦးဌာန၊မြို့နယ်ဦးစီးဌာနမှူးမှ သစ်တောထိန်းသိမ်းရေး၊တောမီး ကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးမှ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးမှအယ်လ်နီညိုအကြောင်းသိကောင်းစရာဟောပြောခြင်း၊မီးသတ်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူးမှမီးဘေးအန္တရာယ်ကာကွယ်ကွယ်ရေးအသိပညာပေးခြင်းအကြောင်း အရာများကိုတက်ရောက်လာသူများသို့အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား အယ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းညွန်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ကျောင်းစာကြည့်တိုက်သို့သစ်တောကြေးမုံများပေးအပ်လှူဒါန်းခြင်း၊မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



