တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ
သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၈-၁၁-၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်၊မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ် ပြ င်းမြို့နယ်၊ မြို့မနှစ်ခြင်းအသင်းတော်၊ဉက္ကဌ ဉီးငုတ်ကျင်မန်းနှင့်၊ဒေသခံများ ၊အမျိုးသား( ၁၄)ဉီး/အမျိုးသမီး( ၄၀)ဉီး ၊ စုစုပေါင်း(၅၄) ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၃)ဉီး၊စုစုပေါင်း (၅၇)ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့အယ်နီညိုအစွန်းရောက်ရာသီဉတုနှင့်သက်ဆိုင်ရာဌာနအကြောင်းအရာအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအားအယ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းညွှန်လက်ကမ်းစာစောင်၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း ကြောင့်သဘာဝ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊video clip များပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


