နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင်ကျွန်း(၉၄.၉၆၉၄)တန်၊ သစ်မာ(၄၃.၀၀၁၄) တန်၊ အခြား (၃၄၅.၇၄၇၃)တန်၊ စုစုပေါင်း(၄၈၃.၇၁၈၁)တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ ယန္တရား(၃၇)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီး အောင်ဘိနယ်၊ ကောက်ကွေ့ချောင်းအတွင်းမှ တရားမဝင် ကညင်သစ် (၁၀)လုံး(၄၀.၁၇၀၀) တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။
Date: Wednesday, January 16, 2019