မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပုံစံ(၈)စာရင်းဝင် အုပ်စု(II, III, အခြား) သစ်လုံး/ ခွဲသားများအား လေလံတင်ရောင်းချရန်ကြော်ငြာ

Publication Type
Deadline
Primary Document
Document
uincod 3.pdf (1.79 MB)
Summary

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပုံစံ(၈)စာရင်းဝင် အုပ်စု(II, III, အခြား) သစ်လုံး/ ခွဲသား (၃၄၃.၂၀၀၉)တန်အား (၁၂-၇-၂၀၁၇)ရက်နေ့ (၁ဝ:ဝ၀) နာရီ အချိန်တွင် မိတ္ထီလာခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌၊ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ သစ်တောဦးစီးဌာနမှ တရားဝင် မှတ်ပုံတင်ခွင့်ပြုထားသော သစ်အခြေခံ အသုံးပြုသည့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနမှ တရားဝင်လိုင်စင် ဖြင့်ခွင့်ပြုထားသော စက်ကြီး၊ စက်သေး၊ အချောထည်၊ လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ် အရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်အသင်းဝင်များနှင့်မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင်များကိုသာ လေလံစနစ်ဖြင့် ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

     (က) လေလံလျှောက်လွှာဝယ်ယူနိုင်သည့်နေရာနှင့် - မိတ္ထီလာခရိုင် ၊ သစ်တောဦးစီးဌာန၊ လေလံလျှောက်လွှာတင်သွင်းရမည့်နေရာ                                                                                လက်ထောက်ညွှန်ကြားရေးမှူးရုံး

     (ခ) လေလံလျှောက်လွှာစတင်ရောင်းချမည့်အချိန် - ၁-၇-၂၀၁၇ ရက်နေ့မှ ၇-၇-၂၀၁၇နေ့အထိ

     (ဂ) လေလံလျှောက်လွှာပိတ်မည့်နေ့/ အချိန် - ၇-၇-၂၀၁၇ ရက်နေ့ ၁၆:၃၀ နာရီ

     (ဃ) လေလံတင်ရောင်းချမည့်နေ့/ အချိန် - ၁၂-၇-၂၀၁၇ ရက်နေ့ ၁ဝ:ဝ၀ နာရီ

     (င) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၄-၂၃၀၆၀

မှတ်ချက်။ ။ လေလံအောင်မြင်သည့် သစ်/ ခွဲသားများအား တိုင်းကျော်သယ်ယူခွင့်မပြုပါ၊