လေလံကြော်ငြာ
ဦးစီးအရာရှိရုံး ၊ သစ်တောဦးစီးဌာန၊ မတ္တရာမြို့
လေလံကြော်ငြာအမှတ်၊ ၂/၂၀၁၇-၂၀၁၈
ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်
၁။ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ၏ ၂၄-၇-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ အခ/၀၀၉၅၊ ၄၃၁၅/၁၇ နှင့်လက်ထောက်ညွှန်ကြားရေးမှူးရုံး ၊ သစ်တောဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး၏ (၂၇-၇-၂၀၁၇) ရက်စွဲပါ စာအမှတ်၊ ၃၂၂၇-၂၈/ထ(က)၂လေလံတို့ဖြင့် ညွှန်ကြားချက်အရ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်း ပုံစံ(၈) စာရင်းဝင် ကျွန်းတံခါးရွက်ဆိုဒ်စုံ၊ ကျွန်းခွဲသား၊ လှည်းဒေါက်၊ ပိတောက်သစ်၊ လှည်းနန်းအိုး၊ ထင်း၊ မီးသွေး၊ ကျွန်းထင်းခြမ်းများအား အောက်ပါလပ်ပုံ အမှတ်များဖြင့် မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိရုံး၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၁၈)ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် Open Tender) စနစ်ဖြင့် ပူးတွဲပါလေလံစည်းကမ်း ချက်များနှင့်အညီ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းသွားမည်ဖြစ်ပါကြောင်း ကြေငြာ လိုက်သည်။