ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
သစ်တောဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ် − ၁/၂၀၁၄
၁၃၇၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်
၂၀၁၄ခုနှစ်၊သြဂုတ်လ ၂၁ ရက်
၁။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော ကျွမ်းကျင်သူ(အဆင့်-၄) လစာနှုန်း(ကျပ် ၉၉၀၀၀-၁၀၀၀-၁၀၄၀၀၀) တောအုပ်ကြီး (၂၇)နေရာအတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) သိပ္ပံ(သစ်တော)ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။
(ဂ) ၃၁.၇.၂၀၁၄ရက်နေ့တွင်အသက်(၂၇)နှစ်၊နိုင်ငံ့ဝန်ထမ်းဖြစ်ပါကအသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(င) မဟာဘွဲ့ရပြီးသူများအတွက်အသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
(စ) ကျန်းမာရေးကောင်းမွန်ပြီးကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ဒေသမရွေးတာဝန် ထမ်းဆောင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါ အထောက်အထား များပူးတွဲ လျက် သစ်တောဦးစီးဌာန၊ရုံးအမှတ်(၃၉)၊နေပြည်တော်သို့ ၁၉-၉-၂၀၁၄ ရက်နေ့အရောက် ပေးပို့ လျှောက်ထားရမည်။
(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်းတင်ပြရန်)
(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း စာမေးပွဲအောင် လက်မှတ် မိတ္တူမှန် (စစ်ဆေးသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်းသက်ဆိုင်ရာရဲစခန်းမှထောက်ခံထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်းထောက်ခံချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓါတ်ပုံ (၂)ပုံ (နောက်ကျောတွင်အမည်နှင့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ရေးသားဖော်ပြ ရန်)
(င) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူမှန်
(စ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်မူရင်း
၄။ ရေးဖြေစာမေးပွဲကိုနေပြည်တော်တွင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ် မည်ဖြစ်ပြီး ကျင်းပမည့်နေ့ရက်နှင့် အချိန်၊ နေရာတို့ကို သတင်းစာများ၌ အချိန်မီကြိုတင် ကြေညာ ပါမည်။ တစ်ဦးချင်းထံသို့ အကြောင်းကြားမည်မဟုတ်ပါ။
၅။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်များဖြေဆိုရပါမည်−
(က) မြန်မာစာ
(ခ) အင်္ဂလိပ်စာ
(ဂ) အထွေထွေဗဟုသုတ
၆။ စည်းကမ်းနှင့်မကိုက်ညီသော(သို့မဟုတ်) မပြည့်စုံသော(သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှရောက်ရှိလာသော လျှောက်လွှာများကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ ရေးဖြေစာမေးပွဲလာရောက် ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့်လာရောက်ကြရပါမည်။
၈။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။
၉။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊တယ်လီဖုန်းအမှတ်၊၀၆၇-၄၀၅၁၀၈/ ၀၆၇-၄၀၅၀၁၇သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ စီမံခန့်ခွဲရေးဌာန၊ရုံးအမှတ်(၃၉)၊နေပြည်တော်တွင်ရရှိနိုင်ပါသည်။
သစ်တောဦးစီးဌာန