ပြည်တွင်း/ပြည်ပရင်းနှီးမြုပ်နှံမှုဖြင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ်(၈)ခုရှိ သစ်တောမြေ (၂၅၅.၅၅၅)ဧက၊ လုပ်ကွက် (၉၇)ကွက်တို့အား တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလုပ်ကွက်ပေါင်း (၃၇)ကွက်၊ (၉၈.၆၆၂)ဧကအား တင်ဒါတင်သွင်းသည့် လုပ်ငန်းရှင် (၂၉)ဦးအနက် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ သစ်တောမြေ(၈၇.၀၇၉)ဧက၊ လုပ်ကွက် (၃၅)ကွက်၊ လုပ်ငန်းရှင်(၁၉)ဦးတို့အား တင်ဒါအောင်မြင်သူများအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အတည်ပြုခဲ့ပါသည်။ တင်ဒါအောင်မြင်သူများမှ တင်ပြထားသည့် လုပ်ငန်းစီမံချက်များအရ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန် ကြိုတင်ဆောင်ခွင့်ပြုပြီး တင်ဒါ မအောင်မြင်သည့် လုပ်ငန်းရှင်များအနေဖြင့် တင်ဒါအာမခံငွေအား နေပြည်တော်၊ မြန်မာ့ စီးပွားရေးဘဏ်တွင် ပြန်လည်ထုတ်ယူနိုင်ရန် ဦးစီးရုံးချုပ်၊ သစ်တောဦးစီးဌာနသို့ (၉-၂-၂၀၁၅) ရက်နေ့အရောက် လာရောက်ဆက်သွယ်၍ ထုတ်ယူရမည် ဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပရင်းနှီးမြုပ်နှံမှုဖြင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေငြာ (၂-၂-၂၀၁၅)
Publication Type
Deadline
Primary Document
Document
Open Tender.pdf
(578.74 KB)
Summary