ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပုံစံ(၈)စာရင်းဝင် ပုံစံ(၈)စာရင်းဝင် အခြားသစ်လုံး/သစ်ခြမ်း/ခွဲသား (၃၀၇)လုံး/ချောင်း/ခြမ်း (၆၃.၂၄၀၈) တန်နှင့် ထင်း(၂.၄၀၂၄)တန်အား သစ်တောဦးစီးဌာနမှ တရားဝင်မှတ်ပုံတင် လိုင်စင်ရရှိထားသည့် သစ်အခြေခံအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ၊ စက်အသေးအကြီး၊ အချောထည်စက်၊ လျှာထိုးစက် လုပ်ငန်းများ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ပရိဘောဂ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။
လေလံတင်ရောင်းချမည့်ရက် / အချိန် - ၁၂-၁၂-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ၊
လေလံတင်ရောင်းချမည့်နေရာ - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပြည်ခရိုင်။
မှတ်ချက် ။ လေလံအောင်မြင်သော သစ်များကို တိုင်းကျော်သယ်ယူခွင့်မပြုပါ။
လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန