မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်နှင့် ချောက်မြို့နယ် သစ်တောဦးစီးဌာနရှိ ပုံစံ(၈)စာရင်းဝင် ဝါး၊ မီးသွေး၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ တို့အား သစ်တောဦးစီးဌာနမှ တရားဝင်မှတ်ပုံတင် လိုင်စင်ရရှိထားသည့် သစ်အခြေခံ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များ၊ စက်အသေးအကြီး၊ အချောထည်စက်၊ လျှာထိုးစက်လုပ်ငန်းများ၊ သစ်အရောင်း ဆိုင်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပရိဘောဂ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။
လေလံတင်ရောင်းချမည့်ရက် / အချိန် - ၅-၂-၂၀၁၉ ရက်နေ့၊ အင်္ဂါနေ့၊ နံနက်(၁၀:ဝဝ)နာရီ၊
လေလံတင်ရောင်းချမည့်နေရာ - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးမြို့။
မှတ်ချက် ။ လေလံအောင်မြင်သော သစ်များကို တိုင်းကျော်သယ်ယူခွင့်မပြုပါ။
လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန