ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊(တောင်ကြီး/ကလော/ဆီဆိုင်/ပင်လောင်း)မြို့နယ်၊ သစ်တော ဦးစီးဌာနရှိ ပုံစံ(၈)ဝင် အခြား(သစ်လုံး/ ခွဲသား/ လုံးပတ် ၃ပေအောက်သစ်လုံး) (၃၅၄)လုံး/ချောင်း (၅.၇၉၂)တန်၊ မီးသွေး(၁၆၀)အိတ်(၂၃.၂၈၉၆)တန်နှင့် ထင်းရှူးဆီတုံး(၂၈)အိတ်(၂၆၂)ပိဿာတို့အား သစ်တောဦးစီးဌာနမှ တရားဝင်မှတ်ပုံတင်လိုင်စင်ရရှိထားသည့် သစ်အခြေခံအိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များ၊ သစ်စက် အသေး/အကြီး၊ အချောထည်စက်/လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်း ဆိုင်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပရိဘောဂလုပ်ငန်းရှင်များ ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။
လျှောက်လွှင်တင်ရမည့်နောက်ဆုံးရက် - ၉-၃-၂၀၂၅ ရက်နေ့
လေလံတင်ရောင်းချမည့်ရက်/အချိန် - ၁၀-၃-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီ
လေလံတင်ရောင်းချမည့်နေရာ - ရတနာသစ်ခန်းမ၊ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ကြီး)
အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်(၀၈၁-၂၁၂၁၁၄၆၊ ၀၈၁-၂၁၂၂၂၈၃)များသို့ဆက်သွယ်နိုင်ပါသည်။
လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန