ပုံစံ(၈)ဝင် အင်ကြင်းကျဉ်းခွေ၊ အခြားသစ်၊ အင်လျှာထိုး၊ မီးသွေး၊ ထင်းနှင့် ထင်းရှူးဆီတုံးများအား လေလံတင်ရောင်းချမည့်ကြော်ငြာ
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်(တောင်ကြီး/ ကလော/ ပင်လောင်း/ ရပ်စောက်/ ဆီဆိုင်/ ရွာငံ) မြို့နယ် သစ်တောဦးစီးဌာနရှိ ပုံစံ(၈)ဝင် အင်ကြင်းကျဉ်းခွေ ၃၄ ခု(၁.၃၇၉၀)တန်၊ အခြား(သစ်လုံး/ သစ်ခြမ်း/ စကွဲယား/ ခွဲသား/ လုံးပတ် ၃ ပေ အောက်သစ်လုံး)၁၃၄၀ လုံး/ခြမ်း/ချောင်း(၈၉.၄၃၇၀)တန်၊ အင်လျှာထိုး ၂၀၉၀ ချောင်း(၄.၈၀၇၈)တန်၊ သစ်အယ်ထင်း (၉.၀၅၅၂)တန်၊ မီးသွေး ၈၀ အိတ်(၁၂.၈၀၀) တန်နှင့် ထင်းရှူးဆီတုံး ၂၂ အိတ်(၂၀၅)ပိဿာတို့အား သစ်တောဦးစီးဌာနမှ တရားဝင်မှတ်ပုံတင်လိုင်စင် ရရှိထားသည့် သစ်အခြေခံအိမ်တွင်း စက်မှုလက်မှု လုပ်ငန်းရှင်များ၊ သစ်စက် အသေး/အကြီး၊ အချော ထည်စက်/လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်း ဆိုင်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချမည် ဖြစ်ပါသည်။
လေလံတင်ရောင်းချမည့်ရက်/အချိန် - ၂၂-၁၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီ
လေလံတင်ရောင်းချမည့်နေရာ - ရတနာသစ်ခန်းမ၊ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ကြီး)
အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်(၀၈၁-၂၁၂၁၁၄၆၊ ၀၈၁-၂၁၂၂၂၈၃)များသို့ဆက်သွယ်နိုင်ပါသည်။
လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန