ပုံစံ(၈)ဝင် ကျွန်း(ပါကေး၊ ဘုတ်ပြား၊ ဗုံတို) များအား လေလံတင်ရောင်းချမည့်ကြော်ငြာ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပုံစံ(၈)ဝင် ကျွန်း (ပါကေး၊ ဘုတ်ပြား၊ ဗုံတို)စုစုပေါင်း (၁၈၇၅)ချပ်/ချောင်း/လုံး စုစုပေါင်း (၀.၆၁၃၂)တန်များအား သစ်တော ဦးစီးဌာနမှ တရားဝင်မှတ်ပုံတင်လိုင်စင်ရရှိထားသည့် သစ်အခြေခံ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင် များ၊ သစ်စက်အသေး/အကြီး၊ အချောထည်စက်/ လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပရိဘောဂလုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။
လျှောက်လွှင်တင်ရမည့်နောက်ဆုံးရက် - ၂၀-၉-၂၀၂၅ ရက်နေ့
လပ်ပုံများကြည့်ရှု့နိုင်မည့်ရက် - ၁၅-၉-၂၀၂၅ မှစ၍ လေလံပွဲမကျင်းပမီ(၃)ရက်အလို
လေလံတင်ရောင်းချမည့်ရက်/အချိန် - ၂၄-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီ
လေလံတင်ရောင်းချမည့်နေရာ - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ လွိုင်ကော်ခရိုင်
အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်(၀၉-၆၉၅၄၄၃၈၅၀၊ ၀၉-၆၈၃၅၈၁၉၉၈)များသို့ဆက်သွယ်နိုင်ပါသည်။
လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန